Japanတွင်ရွှေဝယ်ယူခြင်းအကြောင်း

 ဒီနှစ်ထဲမှာရွှေရဲ့စျေးနှုန်းမှာသိသိသာသာမြင့်တက်လာခြင်းတွေ့ရပါတယ်။ရွှေသည် ပိုင်ဆိုင်မှုတစ်ခုအဖြစ် မှန်ကန်သောရွေးချယ်မှုဖြစ်ပါသည်။ဒါပေမယ့် ရေရှည်ကိုင်လို့ကောင်းပေမယ့် ရေတိုမှာရောင်းရတဲ့ အားသာချက်နဲ့ အားနည်းချက်တွေရှိတာကြောင့် ဝယ်ယူတဲ့အခါမှာ သတိထားဖို့အကြံပေးချင်ပါတယ်

                                               ၁၉၉၅ခုနှစ်မှရွှေတန်ဖိုးမြင့်တက်လာမှု


ရွှေ၏ အားသာချက်များ

  1. ဘေးကင်းလုံခြုံမှု: စီးပွားရေးမတည်မြဲခြင်းနှင့် ငွေဖောက်နှုန်းကြီးမြင့်မှု (အင်ဖလေးရှင်း) ဖြစ်ပေါ်သည့်အခါ ရွှေသည် တန်ဖိုးကို ထိန်းထားနိုင်သည်။

  2. တန်ဖိုးတည်မြဲမှု: ကမ္ဘာ့ဈေးကွက်တွင် မည်သည့်နိုင်ငံတွင်မဆို ရွှေသည် တန်ဖိုးရှိနေဆဲဖြစ်သည်။

  3. ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ခြင်း: ရွှေသည် အခြားရင်းနှီးမြှုပ်နှံမှုများနှင့် မတူသည့်တန်ဖိုးအပြောင်းအလဲရှိသောကြောင့် စုစည်းထားသည့်ပိုင်ဆိုင်မှုများကို ချဲ့ထွင်ရန် အထူးသင့်လျော်ပါသည်။

1. ရွှေဝယ်ယူရာတွင် လိုအပ်သော အချက်များ

  • အသိအမှတ်ပြု ဆိုင်များ: ရွှေဝယ်ရန် အသိအမှတ်ပြုထားသော လိုင်စင်ရ စတိုးဆိုင်များတွင်သာ ဝယ်ယူပါ။

  • စျေးနှုန်းနှိုင်းယှဉ်ခြင်း: ရွှေစျေးနှုန်းများသည် နေ့စဉ်ပြောင်းလဲနေသည်ကြောင့် ဝယ်ယူမည့်နေ့တွင် စျေးနှုန်းကို စစ်ဆေးပါ။

  • အတုအပများ: ရွှေဝယ်ယူရာတွင် တာဝန်ယူနိုင်သော ဆိုင်များနှင့် လက်မှတ်များရှိကြောင်း သေချာစစ်ဆေးပါ။

2. ရွှေဝယ်ယူနိုင်သည့် နေရာများ

Japan မှာရွှေတုံး၊ရွှေပြားဝယ်လို့ရတဲ့နာမည်ကြီး၃ဆိုင်ပုံနဲ့တကွရှင်းပြပေးထားပါတယ်။

1) 田中貴金属(Tanaka Gold)
အလျော့တွက်လက်ခ

5g-20g 4400¥

50g 8800¥

500g free


2) 日本マテリアル( Nihon Material)

အလျော့တွက်လက်ခ

5g-20g 1980¥

50g 1100¥

100gကနေ Free


3) 徳力本店TOKURIKI HONTEN

အလျော့တွက်လက်ခ

1g 1430¥

10g 3850¥

50g 5500¥

500g free


💎ရွှေတုန်းများအပေါ်မှာအမှတ်တံဆိပ်လိုဂို၊သတ္တုအဆင့်ပြသမှု၊အလေးချိန်ပြသမှုနှင့် အမှတ်စဉ်နံပါတ်ကဲ့သို့သောထုထည်ရေးထိုးမှုများပါဝင်ပါတယ်၊ဤထုထည်ရေးထိုးမှုများမရှိသော ထုတ်ကုန်များသည်ဝယ်ယူပြန်သည့်အခါငြင်းပယ်ခံရနိုင်သလို၊ တန်ဖိုးနည်းသတ်မှတ်ခြင်းခံရနိုင်ပါတယ်၊ဒီနာမည်ကြီး၃ဆိုင်ထဲကဝယ်ဖို့အကြံညာဏ်ပေးချင်ပါတယ်၊💎

💰ရွှေဝယ်ဖို့ ဘာလိုအပ်လည်း💰

❣️ဆိုင်မှာဝယ်မယ်ဆို❣️

身分証明書တခုထဲလိုအပ်ပါတယ်။

(Zairyu card or passport or license card or my number)ထဲကကြိုက်နှစ်သက်ရာ

☀️အလည်လာတဲ့သူတွေလည်းသက်မှတ်ထားတဲ့ပမာဏအတွင်းဆိုဝယ်ယူနိုင်ပါတယ်။☀️

❣️cash onlyငွေသားနဲ့ပဲဝယ်လို့ရပါမယ်၊credit card , debit cardမရပါ❣️

❣️သောင်း၁၀၀ကျော်တဲ့ပမာဏကိုဝယ်မယ်ဆိုရင်တော့ ဘဏ်ကလွှဲပေးရပါမယ်❣️

2. အခွန်နှင့် ဗီဇာအရေး

  • အခွန်ပေးဆောင်မှု: ဗီဇာအမျိုးအစားပေါ်မူတည်ပြီး အခွန်ကင်းလွတ်ခွင့် (Tax-Free) ရနိုင်သည်။

  • တင်သွင်းခွန်: နိုင်ငံရပ်ခြားဝယ်ယူမယ်ဆိုဥပဒေနဲ့အညီ သတ်မှတ်ထားသော ပမာဏထက် ပိုမိုဝယ်ယူပါက တင်သွင်းခွန်ပေးရနိုင်သည်။

  • ရွှေကို ရောင်းချပြီး အမြတ်ရရှိခဲ့သောအခါ (ရောင်းချသည့်စျေးနှုန်း - ဝယ်ယူသည့်စျေးနှုန်း) ယန်း ၅၀သောင်း အောက် အခွန်ပေးစရာမလိုပါ။

  • ယန်း ၅၀သောင်းကျော်လျှင် အခွန်ပေးရမည်ဖြစ်သည်။

  • ပေးရမည့်အခွန် = (ရောင်းချသည့်စျေးနှုန်း -ဝယ်ယူသည့်စျေးနှုန်း -ကျသင့်စရိတ်-ယန်း ၅၀သောင်း )

  • ပိုင်ဆိုင်မှုကာလအပေါ်မူတည်ပြီး

    • ၅ နှစ်နှင့်အထက် ထားရှိထားလျှင် Long-term Capital Gain Tax ဖြင့် သက်သာသောအခွန်နှုန်းထားကျသင့်မည်။

    • ၅ နှစ်အောက် သောအခါ Short-term Capital Gain Tax သက်မှတ်ထားသော အခွန်နှုန်းထားဖြင့်ပေးဆောင်ရမည်။

    အခြားအရေးကြီးသိသင့်သည်များ

    • အမြတ်ပေါ်မူတည်၍ တန်ဖိုး ယန်း၂၀သောင်းနှင့်အထက်ရှိလျှင် အခွန်ကြေးသွင်းရန် လိုအပ်ပါသည်။

    • ဝန်ထမ်း ဖြစ်သောအခါလည်း တချို့အခြေအနေတွင် အခွန်သွင်းရန်လိုအပ်နိုင်ပါသည်။(年末調整の時)

Comments